12 May 2014
ရုံးမှာ admin department ကလွဲပြီး ကျန်တဲ့သူတွေက ၉ခွဲမှ ရုံးတက်တာ... admin တစ်ခန်းလုံးမှာကလည်း ဒီနေ့ ကိုယ်တစ်ယောက်တည်း...
ရုံးထွက်သွားတဲ့သူ စားပွဲသွားကြည့်ပြီး အမြင်မတော်ရင် မနေနိုင်လွန်းတာမို့ ရှုပ်နေတာလေး သပ်သပ်ရပ်ရပ်လုပ်ပေးရင်း မသုံးတော့တဲ့ စာရေးကိရိယာအချို့ကို stationery တွေ ထည့်ထားတဲ့ ဘီဒိုထဲထည့်ဖို့ လုပ်မိတယ်... အောက်ဆုံးအံဆွဲကို ဖွင့်ဖို့ ဆောင့်ကြောင့်ထိုင်လိုက်ရုံရှိသေး ဘီဒိုဘေးနားက လိုက်ကာနားမှာ ဘယ်သူ ကပ်ခွါချသွားတယ်မသိ... ကြွက်လေးက တလှုပ်လှုပ်နဲ့... သူက ကိုယ့်လန့်မလန့်တော့ မသိဘူး... ကိုယ်ကတော့ တော်တော်လန့်သွားတယ်... ခုနက အဲ့ဒီနား ခေါက်တုန့်ခေါက်ပြန် လျှောက်နေသေးတာ... အဲ့တုန်းက သတိမထားမိဘူ... ခုလို နီးနီးကပ်ကပ်မြင်လိုက်ရတော့ လိပ်ပြာတွေ ဘာတွေတောင် လွင့်သွားသလားထင်ရတယ်... သန့်ရှင်းရေးအမျိုးသမီးကလည်း မကိုင်ရဲ... သူကလည်း ကပ်ခွါပေါ်ကနေ ကြိုးစားပမ်းစား ရုန်းနေတာသနားစရာ... နည်းနည်းတော့ ကြိုးစားကြည့်ဦးမယ်ဆိုပြီး လိုက်ကာကို မ,ကြည့်လိုက်တယ်... လိုက်ကာမှာပါ ဘယ်လိုလုပ် ကပ်ခွါတွေ ကပ်နေလဲမသိ... သူ့အမွှေးတွေရော လိုက်ကာရော ကော်တွေကပ်နေလေရဲ့... လိုက်ကာအောက်နားတွေလည်း ရုန်းကန်ဖို့ အားဆွဲယူရင်း ကိုက်ထားတာနဲ့တူတယ် ဆုတ်ပြဲနေတယ်... မြင်ရတာ စိတ်လည်းမချမ်းသာ... ကိုယ်ကလည်း မကိုင်ရဲ... ဘယ်သတ္တဝါမဆို ကိုယ့်ဝမ်းစာကိုယ်ရှာပြီး ကိုယ့်အသက်ကိုယ်တော့ တန်ဖိုးထားကြတာပါပဲ... သေချာကြည့်ရင် ကြွက်လေးတွေကလည်း ချစ်စရာကောင်းပါတယ်... ကြွက်ဖြူတို့ hamster တို့တောင် မွေးကြသေးတာပဲဟာ... ဒီကြွက်လေးတွေကျမှ ဘာလို့ မုန်းကြတာပါလိမ့်... သတ်ချင်လည်း တစ်ခါတည်း သေစေနိုင်တဲ့ နည်းမျိုးနဲ့ သတ်ပေါ့... မသေမရှင်နဲ့ မြင်ရတာ တော်တော်စိတ်ဆင်းရဲဖို့ကောင်းပါတယ်... ကိုယ်သာ သူ့နေရာမှာဆိုပြီး နည်းနည်းလေးခံစားကြပြီး ကပ်ခွါတွေ မသုံးကြရင် သိပ်ကောင်းမှာပဲ...
ကိုယ့်နေရာ ကိုယ်ပြန်ထိုင်နေရင်း စိတ်က မသက်မသာ... နောက် ရုံးက တခြားလူတွေ ရောက်လောက်ချိန်ကျ reception ကို ထွက်လာပြီး ဘယ်သူ ကပ်ခွါထားထားတာလဲ မေးလိုက်ရင်း ကြွက်လေး မိနေတဲ့အကြောင်း ပြောတော့အဲ့ဒီညီမလေး PLက သူ့ဒေါက်ဖိနပ်လေး ချွတ်ပြီး အပြေးအလွှား သွားကြည့်လေရဲ့... ရုပ်ကလေးလှသလို စိတ်ထားလေးလှတဲ့ PLကပဲ ကော်တွေနဲ့ ရောနေတဲ့ သူ့အမွှေးလေးတွေကို ကတ်ကြေးနဲ့ ညှပ်... ကိုယ်ကပါ ဒေါက်ဖိနပ်ချွတ်ပြီး ကြမ်းပေါ်မှာ နှစ်ယောက်သား ဆောင့်ကြောင့်ထိုင်ပြီး ကြွက်ကယ်ဆယ်ရေး လုပ်ကြတာပေါ့... ကြွက်လေး ကံကောင်းပါတယ်... သူဌေးတို့ ဒါဒါတို့ ဂျာဂျာတို့မရောက်ခင် ကိုယ်တို့ ကယ်ဆယ်ရေး လုပ်ငန်းပြီးသွားကြတယ်... ဒါပေမယ့် တကိုယ်လုံး ကော်တွေကပ်နေတော့ မလှုပ်နိုင်ဘူး... အစာလေး ရေလေး နည်းနည်းကျွေးပြီး ပုံးလေးတစ်ပုံးထဲထည့်ပြီး နောက်ဆုံးခုံမှာထိုင်တဲ့ ကိုယ့်စားပွဲအောက် ခဏဖွက်ထားရတယ်... ပုံးထဲမှာ ပလပ်စတစ်ကလည်း ခင်းပေးထားရတယ်... သူ့တစ်ကိုယ်လုံး ကော်တွေကပ်နေတော့ ဘယ်နေရာထိထိ ကပ်နေရော... ရုံးမှာ customer တွေကို ပစ္စည်းထည့်ပေးတဲ့ ပလပ်စတစ်အမာဆိုတော့ သိပ်မကပ်ဘူးပေါ့... ယက်ကန်ယက်ကန်နဲ့ ခေါင်းရယ် လက်ရယ်ပဲ လှုပ်နိုင်ရှာတယ်... ရုံးတွေမှာ သန့်ရှင်းရေးအတွက် PET control လို့ ခေါ်တဲ့ ကုမ္ပ္မဏီတွေကို ငှါးပြီး သန့်ရှင်းရေးလုပ်ရတယ်... အဲ့ဒီမှာ အဲ့ဒီကလူတွေ ရုံးလာပြီး စစ်ဆေးကြတော့ ကိုယ်တို့နှစ်ယောက် မျက်ခုံးတွေ ခပ်လှုပ်လှုပ်... လိုက်ကာပြဲနေတာကြီးရှိတော့ သန့်ရှင်းရေးအန်တီကိုပါ လွှတ်ပစ်လိုက်ပြီလို့ ပြောခိုင်းရတယ်...
အဲ့ဒီကပ်ခွါအနံ့ကလည်း တော်တော်ပြင်းတယ်... ကိုယ့်စားပွဲအောက်မှာဆိုတော့ သူများအနံ့ရမရတော့မသိ... ကိုယ်က ရနေတယ်... ရေမွှေးတွေ ဖျန်းထားရတာ အနံ့တွေပေါင်းပြီး ခေါင်းတွေတောင် မူးတယ်... (နောက်ပိုင်း အဲ့ဒီရေမွှေးဆွတ်ရင်တောင် ကိုယ်ကြိုက်ခဲ့တဲ့ အဲ့ဒီရေမွှေးသင်းသင်းလေးက အန်ချင်စရာကောင်းသလားတောင် ထင်မိတယ်) အမ်မယ်... ဒင်းကလေ ဘယ်သူ့အသံမှာ မကြားရတော့ ပုံးထဲမှာ တလှုပ်လှုပ်နဲ့... အသံကလည်း ထွက်နေသေးတယ်... ငြိမ်ငြိမ်လေးနေပြီး တရေးတမောလောက် အိပ်ပါဟယ်... management က သိရင် ဒင်းလည်း ဒုက္ခ ကိုယ်တွေလည်း ဒုက္ခ... အလုပ်မလုပ်နိုင်သေးဘဲ internet ထဲ ကော်တွေကို ဘယ်လိုလုပ်ပေးရမလဲ လျှောက်ရှာကြည့်တယ်... အယ်... ဟင်းချက်တဲ့ဆီ ဒါမှမဟုတ် စားတဲ့ဂျုံမှုန့်နဲ့ လောင်းပေးလိုက်ရင် ရသတဲ့... သတင်းကောင်းပဲ... screenshot ဖတ်ပြီး ကြွက်လေး ကယ်ပေးတဲ့ PL ကို ပို့လိုက်တယ်... PL က ဒီနေ့ နေ့တဝက်ဆိုတော့ နေ့လည် သူပြန်တဲ့အချိန် ပုံးလေးကို အိမ်သယ်သွားမယ်ဆိုပြီး လာယူလေရဲ့... အမ်မယ်... ပုံးလေးဖွင့်ပြီး ကြည့်တော့ ဒင်းလေးက ပုံးကို တွယ်တက်ပြီး ကိုယ်တွေကို မြင်တာနဲ့ အော်လိုက်တာ ရန်တွေ့နေသလိုပါပဲလား... ဒါနဲ့ PL အိမ်ပြန်တော့ ပုံးလေးသယ်သွားပြီး ဆီလေး လောင်းပေးလိုက်တာ ကောင်းကောင်းမွန်မွန် လွတ်သွားပါတယ်တဲ့...
14 August 2014
မနက် ရုံးကို အစောဆုံးရောက်တယ်... ကိုယ့်စားပွဲရောက်တော့ aircon လေး ဖွင့်၊ နားက earphone လေး ဖြုတ်ပြီး အိတ်ထဲထည့်၊ laptop လေး လှန်လိုက်တုန်းရှိသေး ဂျွတ်ဂျွတ် ဂျွတ်ဂျွတ် အသံကြားရရော... ကိုယ့်စားပွဲက နောက်ဆုံး... အနောက်မှာ ဗီဒိုတွေပဲရှိတော့ အသံ ဘယ်ကလာတာလဲဆိုပြီး ဟိုချောင်ဒီချောင် လိုက်ချောင်း... မဟုတ်သေးပါဘူး အသံက အပေါ်ကလာတဲ့အသံမျိုးပါ... ဒါနဲ့ ကိုယ့်စားပွဲက ရှေ့ရောဘေးရော နှစ်ခုရှိတာဆိုတော့ ဘေးစားပွဲက ပစ္စည်းလေးတွေဖယ်ပြီး ထီးရှည်လေးယူ ခုံပေါ်တက်... အဲ့ဒီအပေါ်ဒေါင့်နားလေးက ကြွက်လာတယ်ဆိုပြီး တိတ်တွေ အထပ်ထပ်ကပ်ပြီး ပိတ်ထားတာ... ချောင်လေးဆိုတော့ မှောင်နေတော့ သေချာမမြင်ရဘူး... ထီးလေးနဲ့အသာထိုးကြည့်မလားပေါ့... တစ်ဖက်က ဗီဒိုပေါ် လက်လေးအသာတင်ရုံရှိသေး... ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်အသံနဲ့ ကပ်ခွါမှာ ကပ်နေတဲ့ ကြွက်က ထ,ရုန်း... မြတ်စွာဘုရား... စားပွဲပေါ် တက်ရပ်နေတာ ပြုတ်မကျတာ ကံကောင်း... ပြန်လာ ပြန်လာ လိပ်ပြာတို့... ဒူးတွေတောင် တဆတ်ဆတ်တုန်လို့... စားပွဲပေါ်က ပြန်ဆင်း ထိုင်ခုံမှာ ရင်ဘတ်ဖိအသာပြန်ထိုင်... လန့်တတ်လိုက်ပုံများနော်...
အဲ့ဒါနဲ့ ဟိုတစ်ခါတုန်းက ကြွက်လေးတစ်ကောင် ကပ်ခွါမှာ ကပ်တုန်းက စိတ်ရှည်လက်ရှည် ကတ်ကြေးနဲ့ ဟိုညှပ်ဒီညှပ်နဲ့ ကယ်ဖူးတဲ့ PL ကို msg ပို့တယ်... ဒီနေ့ morning shift လားပေါ့... သူက afternoon တဲ့... ကောင်းရော... သန့်ရှင်းရေးအန်တီကို သွားပြောတော့ သူလည်းမကိုင်ရဲဘူးဆိုပြီး ငြင်းတယ်... ဒါနဲ့ ငါလုပ်ကြည့်ဦးမယ်ဆိုပြီး ထိုင်ခုံပေါ်ပြန်တက်... ဗီဒိုပေါ်တင်ထားတဲ့ ပစ္စည်းလေးအသာဖယ်... လက်ကပဲ တုန်နေသလား နမော်နမဲ့ပဲ နိုင်သလားမသိ ကိုင်မလို့ထိလိုက်တဲ့ ပစ္စည်းက လဲကျပြီး ဂလုံဂလွမ်မြည်တော့ သူက ပိုရုန်း... သူက ပိုရုန်းတော့ ကိုယ်က ပိုမကိုင်ရဲ... ရုန်းလွန်းတော့ အမွှေးတွေအသားတွေ လန်ထွက်ပြီး သွေးတွေတောင် မြင်ရတယ်... ဒါဒါ (Director)ကလည်း ရောက်နေတော့ ဆက်မလုပ်တော့ဘဲ ပြန်ထိုင်နေလိုက်တယ်... နောက်တော့ ဓာတ်ပုံတွေဘာတွေရိုက်ပြီး ဒီအဆောက်အဦးက တာဝန်ရှိတဲ့သူတွေဘာတွေပို့... နေ့လည်ကျ ဘယ်သူလဲမသိ လာကြည့်ပြီး ဒါဒါ နဲ့ ဘာဘာညာညာပြောနေကြတယ်... ပထမတစ်ခါက ကိုယ်တွေ သူရဲကောင်း အလုပ်ကောင်းလို့ ကြွက်မိတာ ဓာတ်ပုံလည်းမရိုက် သိလည်းမသိလိုက်ကြဘူးလေ... ဒီတစ်ခါကျ အကောင်လိုက်ကြီး မြင်ကြရတာကိုး... ကိုယ်ကတော့ တစ်နေ့ခင်းလုံး ဂျလွတ်ဂျလွတ်နဲ့ ရုန်းနေတဲ့ အသံကို နားမခံသာစွာကြားရပြီး စိတ်မချမ်းသာ... ဘယ်လိုလုပ်ရပါ့ပေါ့...
နေ့လည် ထမင်းစားချိန်ကျ သူဌေးက ထမင်းသွားစားမယ်ဆိုပြီး ခေါ်တယ်... မလိုက်တော့ဘူးလို့ ပြောလိုက်တယ်... သူဌေးသွားပြီလား အရှေ့ထွက်ထွက်ချောင်းရတာ ခဏခဏ... မိုးကရွာနေတော့ သူတို့က ချက်ချင်းမသွားကြဘူး... သွားပြီဆိုတာနဲ့ PLကို ကယ်ပါဟယ်ပေါ့... ပြောနေတဲ့အချိန် sales က မလေး Sher က ဘာလဲဘာလဲပေါ့... အဲ့ဒါနဲ့ ပြောပြလိုက်တော့ သူက တက်တက်ကြွကြွ လိုက်ကြည့်တယ်... ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး recep က PL ကို ဟိုတစ်ခါလို ပေးလိုက်မယ်ဆိုပြီး ခုံပေါ်တက် ကြွက်ကိုယူရော... ကြွက်က ကပ်ခွါပေါ်မှာ ကြောက်လန့်တကြားရုန်းရင်း အောက်ရောက်လာရော....Sher နဲ့ ကိုယ်က သေသေချာချာကြည့်ပြီး ဘယ်ကစလုပ်ရမှန်းမသိ... PL ရောက်လာပြီး baby lotion ဝယ်ပြီး လောင်းလိုက်မယ်ပေါ့ ဟိုတခါကလည်း သူ အဲ့လိုလုပ်တယ်တဲ့... အဲ့ဒါနဲ့ မိုးဖွားဖွားရွာနေတာကို ရုံးစီးတဲ့ဖိနပ်နဲ့ပဲ ပြေးပြီး သွားဝယ်ရတယ်... တော်ကြာ သူဌေးပြန်လာရင် ဒုက္ခလေ... စားတဲ့ဆီ လိုက်ရှာဝယ်သေးပေမယ့် ကိုယ်တို့နားကဆိုင်မှာ မရှိ၊ ရှိတော့လည်း ဘူးက အကြီးကြီး... ဒါနဲ့ baby lotion ကတော့ စော့တဲ့ကလေးလေးတွေတောင် လိမ်းသေးတာ ရမှာပါဆိုပြီး lotion ပဲ ဝယ်လာ... ဝယ်လာပြီး Sher နဲ့ နှစ်ယောက်သား ကြွက်လေးရဲ့ ကိုယ်ဘေးပတ်လည်ကို lotion တွေ လောင်းချတယ်... ရပါ့မလားပေါ့... PL ကလည်း ဒီကောင်အခြေအနေတော်တော်ဆိုးတယ်တဲ့... မျက်နှာတစ်ခြမ်း ကိုယ်တစ်ခြမ်းလုံး ကပ်နေတာကိုး... ကိုယ်က မကိုင်ရဲတော့ ဟိုဟာယူပေး ဒီဟာယူပေး တောက်တိုမယ်ရပေါ့... အဲ့ ခြေတွေလှုပ်လာတော့ ပုံးရှာပြီး ထည့်မယ်လုပ်... မထူးပါဘူး အနောက်ဘက်မှာ ခြံဝန်းသေးသေးလေးရှိတော့ အဲ့ဒီကပဲ လွှတ်လိုက်မယ်ပေါ့... ဒါနဲ့ ကိုယ်က တံခါးပြေးဖွင့်တယ်... အပေါ်ဂျက်က မမှီတော့ ထီးရိုးနဲ့လှမ်းဖွင့်နေတုန်းရှိသေး chris မရတော့ဘူး မရတော့ဘူးဆိုပြီး အနားရောက်လာကြတယ်... သုံးပုံ နှစ်ပုံက လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေပြီ... တံခါးက ဖွင့်မရဘူး... Sher ဟိုဘက်ကနေတက်ပြီး တံခါးဖွင့်လို့ ပြောတုန်းရှိသေး PL က ကပ်ခွါပြားကြီး ရှေ့ထိုးကိုင်ထားရင်း မရတော့ဘူး မရတော့ဘူး အော်... ကြွက်လေးက ယက်ကန်ယက်ကန်နဲ့ ကပ်ခွါကနေ ရုန်းလို့ရသွားတော့ PL ကလည်း မကိုင်ရဲဘဲ ကြမ်းပြင်ကိုချ... ကြွက်လေးက တံခါးနားရပ်နေတဲ့ ကိုယ့်ဆီ လိမ်ဖယ်လိမ်ဖယ်နဲ့ တည့်တည့်ပြေးလာရော... အသဲယားလိုက်တာ ဘာတွေအော်မိကြမှန်းမသိ သုံးယောက်လုံး အော်ကြတာ... ကိုယ်လည်း လမ်းကျဉ်းကျဉ်းလေးကနေ ကြွက်ကို ကျော်ခွပြီး PL နောက် ဘယ်လိုပြန်ရောက်သွားမှန်းမသိဘူး... ပြီးမှ သုံးယောက်သား အဲ့နားက ပစ္စည်းတွေ မ,ကြ ဖယ်ကြ ရှာကြ... မတွေ့တဲ့အဆုံး qi si wu (သေချင်တာပဲ) လို့ပဲ အော်လိုက်တော့တယ်... သူဌေးပြန်လာရင် ဘယ်လိုပြောရပါ့... ကပ်ခွါပြားကြီး ကိုင်ပြီး ဘယ်လိုပြောရမလဲ လိုက်မေး... ဟုတ်တယ်... ညာလည်းမပြောချင်ဘူး... အမှန်အတိုင်းပြောရင်လည်း ကွိုင်... ကပ်ခွါပြားကြီး တကိုင်ကိုင်လုပ်ပြီး ဒင်းပဲ စိတ်တိုတယ်... ဒင်းအသက်ကိုလည်း ကယ်ရသေး ဒင်းက ကျေးဇူးကန်းပြီး ထွက်ပြေးစရာလားလို့... lotion ဗူးရောလို့ PL က မေးမှ သတိရပြီး စားပွဲပေါ်ကနေ မြန်မြန်သိမ်းရတယ်... ကိုယ်က တရားခံလေ... အရပ်ကူပါ လူဝိုင်းပါ လုပ်ပြီး ကြွက်ကယ်ဆယ်ရေးအလုပ်ကောင်းတာ ကိုယ့်အမှုကိုယ်ပတ်ရော...
သူဌေးနဲ့ ထမင်းစားအတူသွားပြီး ပြန်လာတဲ့ IT က ကြွက်ရောတဲ့... ဟီး ငါတို့ ကယ်လိုက်တာ ထွက်ပြေးပြီး ဘယ်ရောက်သွားလဲမသိဘူးဆိုတော့ "အင်း အင်း" ဆိုပြီး အဆူခံရတော့မယ်ဆိုတဲ့ပုံစံနဲ့ လက်ညှိုးတစ်ထောင်ထောင်လုပ်သွားတယ်... sales က နောက်တစ်ယောက်ကလည်း ကြွက်ထွက်ပြေးသွားပြီး ရုံးထဲမှာပဲဆို ဆိုပြီး မျက်နှာရှုံ့မဲ့နေရော... တော်တော်ကြာတော့ Director က christine ကြွက်မရှိတော့ဘူးဆိုလို့ လာမေးပြန်ရော... ထွက်ပြေးသွားပြီလို့ပဲ ရုပ်တည်ကြီးနဲ့ ပြောလိုက်တယ်... ဟုတ်တယ်လေ ထွက်ပြေးသွားတာပဲဟာ ညာပြောတာမှမဟုတ်တာ... လာလာပြီး ပြောကြမှာပေါ့... အဲ့ဒီကြွက်လေးက ကိုယ့်နောက်က ဗီဒိုပေါ်မှာ ရှိနေတာကိုး... စိတ်မသက်မသာနဲ့ တံခါးနားက ပစ္စည်းတွေနား သွားသွားချောင်းသေးတယ်... အဲ့ တွေ့ပါပကော ကိုယ်တော်ချောကလေ လမ်းတောင် ကောင်းကောင်းလျှောက်နိုင်ပြီး ခုနက ဖွင့်မရတဲ့ အနောက်ဘက်တံခါးနားမှာ ရစ်သီရစ်သီလုပ်နေသေးတယ်... အသံလည်း ကြားရော ဝှစ်ကနဲထွက်ပြေးသွားရော... သက်ပြင်းသာခိုးခိုးချရင်း တံခါးချက်မမှီတဲ့ ကိုယ့်အရပ်ပဲ ကိုယ်အပြစ်တင်လိုက်ပါတော့မယ်လေ...
06 September 2014
ကြောင်သူတော် ကြွက်သူခိုးလို့ ဘာလို့ဖြစ်လာလဲတော့မသိဘူး... ကျွန်ုပ် မုန့်ဗူးကို ကြွက်ခိုးစားသွားတာ အမှုန့်တောင် မကျန်ဘူးရယ်... ဗိုက်ခဏခဏအောင့်တတ်လို့ မုန့်ဗူးတွေ ဝယ်ပြီး စားပွဲပေါ်ပဲ အမြဲတင်ခဲ့တာ, အထုတ်နဲ့မုန့်ဆိုလည်း အဲ့ဒီသံဗူးတွေထဲ ဖောက်ထည့်ထားနေကျ... သံဗူးအဖုံးကို ရအောင် ဖွင့်ပြီး စားသွားတာ မအံ့သြ မချီးကျူးဘဲ မနေနိုင်ဘူး... လူကြီးတွေကိုလည်း မပြောရဲဘူး... တော်ကြာ ဒင်း အသတ်ခံနေရမှာစိုးလို့... ကိုယ်ကယ်ထားတဲ့အကောင်ဆိုတော့ ကယ်ထားလက်စနဲ့ စားပါစေလေ... သူစားတာ ကိုယ်ငတ်သလိုပါပဲ... ကုသိုလ်ရတယ်မှတ်ပါတယ်လို့...
11 September 2014
မနက် ရုံးရောက်တော့ ၉နာရီ၂မိနစ်... ၂မိနစ်ကြီးများတောင် နောက်ကျတာဆိုတော့ ဝုန်းဒိုင်းကျဲပြေးလာရတာ.. အခန်းထဲ ဝင်လိုက်ရုံရှိသေး IT ကောင်လေးက ငုတ်တုတ်ထိုင်ပြီး စက္ကူတွေပလပ်စတစ်တွေနဲ့ အလုပ်ရှုပ်နေတယ်... ကိုယ်ကလည်း စပ်စုပြီး "ဘာလုပ်နေတာလဲ" မေးလိုက်တော့ "နင့်သူငယ်ချင်းလေ" တဲ့... ကြည့်လိုက်တော့ စက္ကူတွေကြားက ကပ်ခွါဝါဝါကြီးပေါ်မှာ ကြွက်သေးသေးလေးတစ်ကောင်... လှုပ်တာမတွေ့လို့ သေသွားပြီလားဆိုတော့ မသေသေးဘူးတဲ့... ဒါဆို မလွှတ်ပစ်နဲ့ ငါ လုပ်တတ်တယ် ဆိုပြီး laptop တွေ အိတ်တွေ နေရာမှာ ပြေးတင်ပြီး နောက်ဖေးတံခါးဖွင့်ခိုင်းရတယ်... နောက်ဖေးမှာက ခြံဝန်းသေးသေးလေးလိုမျိုး ရှိတော့ အပြင်က လူတွေလည်း ကိုယ်တွေကို မမြင်နိုင်ဘူးလေ... ဟိုတစ်ခါကလို ကယ်လိုက်ကာမှ ရုံးထဲ ပြန်ဝင်ပြေးသွားသလိုလည်း မဖြစ်တော့ဘူးပေါ့... ကိုယ့်အရပ်နဲ့ တံခါးအပေါ်ဂျက်က မမီတော့ IT ကောင်လေးပဲ ဖွင့်ခိုင်းရတယ်... ဟိုတစ်ခါကလည်း အဲ့ဒီဂျက်ကို မမီလို့ ဖွင့်မရဘဲ ကြွက်က ကပ်ခွါက လွတ်ပြီး ရုံးထဲပဲ ပြန်ပြေးဝင်သွားတယ်မလား... ကြွက်တွေ အမှိုက်ဖွတိုင်း အနံ့တွေနံတိုင်း "ur friend... ur friend..." နဲ့ ရုံးကလူတွေက ပြောကြတာ... ခုလည်း လူတွေ မလာခင် မြန်မြန်လွတ်မှ... မဟုတ်ရင် ကြွက်ထွက်ပြေးအောင် လုပ်လို့ ကိုယ်ပါ အမှုပတ်နေဦးမယ်... တော်သေးတယ်... IT ကောင်လေးရှိလို့... မဟုတ်ရင် ဗလပ် ဗလပ်နဲ့ ကပ်ခွါပေါ်မှာ ရုန်းနေတဲ့ ကြွက်ကို ကိုင်ရဲဖို့နေနေသာသာ မြင်ရုံနဲ့ အရမ်းအသဲယားတာ ကျလိ ကျလိပဲ...ကပ်ခွါကို သယ်လာခိုင်းပြီး နောက်ဖေးကြမ်းပြင်မှာချ... lotion ဗူးဖွင့်တာ ဖွင့်လို့ကမရ... နှစ်ယောက်သား ဗူးဖွင့်နေတာနဲ့ တော်တော်အချိန်ကုန်သေးတာ... ကြွက်လေးကို သေချာကြည့်တော့ ဟိုတစ်ခါ ကိုယ်တွေ ကယ်လိုက်တဲ့ အကောင်လေး မဟုတ်ဘူးထင်တာပဲ... သူက အဖြူဘက်များတဲ့ မီးခိုးရောင်... ဟိုအကောင်လေးက မဲညစ်ညစ်နဲ့ ရုပ်လေးကလည်း စုတ်ချွန်းချွန်းလေး... ပြီးတော့ ဟိုကောင်လေးက အတင်းရုန်းတယ် မနားတမ်းရုန်းတယ်... ဒီအကောင်လေးကတော့ သေလည်းသေပါစေတော့ဆိုပြီး အားလျှော့နေတဲ့ပုံ... ရုန်းလည်းမရုန်းဘူး... ငြိမ်နေတယ်... lotion ဗူး ဖွင့်လို့ရသွားတော့ သူ့ကိုယ်ပတ်ပတ်လည်လည်ကို ဆီတွေ လောင်းပေးလိုက်တယ်... ကိုယ်တစ်ခြမ်းလုံးက စောင်းပြီး ကပ်နေတာ... အမြီးဆို အရေပြားတွေကွာပြီး သွေးတွေချည်းပဲ... ခြေထောက်က အရေပြားတွေလည်း ကွာပြီး သွေးတွေထွက်နေတယ်... မျက်နှာနား ဆီလောင်းပေးလိုက်တော့ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်... ပြီးတော့ ပြန်ငြိမ်သွားတယ်... လုပ်ချင်တာလုပ် အသေခံတော့မယ်ဆိုတဲ့ ပုံပဲ... အဲ့ဒါနဲ့ စက္ကူလေးနဲ့ ဘေးကနေ တွန်းပေးတို့ပေးမှ သူက ရုန်းတယ်... တစ်မိနစ်တောင်မကြာဘူး လမ်းထလျှောက်နိုင်တယ်... လျှောက်တော့လည်း ကပ်ခွါက တစ်ခြားမထိရသေးတဲ့ နေရာကို ထပ်လျှောက်လို့ ထပ်ကပ်နေသေးတယ်... ဆီတွေထပ်လောင်းပေးလိုက်မှ ခုန်ပေါက်ပြီး ချောင်ထဲ ထွက်ပြေးသွားတယ်... ကြည့်လိုက်တော့ ကိုယ်တစ်ခြမ်းက အမွှေးတော်တော်ပြောင်နေပြီ... ကိုယ့်မျက်စိရှေ့ ခုန်ပေါက်ပြေးသွားနိုင်တာ မြင်တော့လည်း ဝမ်းသာသွားတယ်... ဒါနဲ့ အမေ့ဖုန်းကို ဆက်လိုက်တယ်... အဖေက ဖုန်းကိုင်တယ်... ဝမ်းသာအားရနဲ့ သမီးကယ်လိုက်တာ ကြွက်လေးတစ်ကောင် လွတ်သွားပြန်ပြီလို့ပြောတော့ သာစဓု သာဓု သာဓုတဲ့... ဒါနဲ့ မနေ့က ရုံးမသွားချင်ဘူးဆိုဘူး ဂျီကျနေတဲ့ ကိုယ့်တဲ့ အဖေက နောက်တယ်... ဟုတ်ပါ့ အပျင်းထူပြီး ရုံးကို ဒီနေ့ နေ့တစ်ဝက်မှ လာရင်... ဒါမှမဟုတ် ကိုယ်သာ ရုံးကို နောက်ထက် မိနစ်အနည်းငယ်လောက် နောက်ကျပြီးမှ ရောက်ရင် ဒီကောင်တော့ အမှိုက်ပုံထဲ ရောက်နေလောက်ပြီ... ဟီးဟီး... ရုံးက management တွေကတော့ pet control ကို အပြစ်တင်လိုက် building management ကို compliant တက်လိုက်နဲ့ အလုပ်တွေ ရှုပ်လို့... ကိုယ်တွေ လွှတ်လွှတ်ပေးနေတာများသိရင်... ဟီးဟီး...
Zawgyi
12 May 2014
ရုံးမွာ admin department ကလြဲျပီး က်န္တဲ့သူေတြက ၉ခြဲမွ ရုံးတက္တာ... admin တစ္ခန္းလုံးမွာကလည္း ဒီေန႕ ကိုယ္တစ္ေယာက္တည္း...
ရုံးထြက္သြားတဲ့သူ စားပြဲသြားၾကည့္ျပီး အျမင္မေတာ္ရင္ မေနႏိုင္လြန္းတာမို႕ ရွုပ္ေနတာေလး သပ္သပ္ရပ္ရပ္လုပ္ေပးရင္း မသုံးေတာ့တဲ့ စာေရးကိရိယာအခ်ိဳ႕ကို stationery ေတြ ထည့္ထားတဲ့ ဘီဒိုထဲထည့္ဖို႕ လုပ္မိတယ္... ေအာက္ဆုံးအံဆြဲကို ဖြင့္ဖို႕ ေဆာင့္ေၾကာင့္ထိုင္လိုက္ရုံရွိေသး ဘီဒိုေဘးနားက လိုက္ကာနားမွာ ဘယ္သူ ကပ္ခြါခ်သြားတယ္မသိ... ႂကြက္ေလးက တလႈပ္လႈပ္နဲ႕... သူက ကိုယ့္လန္႕မလန္႕ေတာ့ မသိဘူး... ကိုယ္ကေတာ့ ေတာ္ေတာ္လန္႕သြားတယ္... ခုနက အဲ့ဒီနား ေခါက္တုန္႕ေခါက္ျပန္ ေလွ်ာက္ေနေသးတာ... အဲ့တုန္းက သတိမထားမိဘူ... ခုလို နီးနီးကပ္ကပ္ျမင္လိုက္ရေတာ့ လိပ္ျပာေတြ ဘာေတြေတာင္ လြင့္သြားသလားထင္ရတယ္... သန္႕ရွင္းေရးအမ်ိဳးသမီးကလည္း မကိုင္ရဲ... သူကလည္း ကပ္ခြါေပၚကေန ၾကိဳးစားပမ္းစား ရုန္းေနတာသနားစရာ... နည္းနည္းေတာ့ ၾကိဳးစားၾကည့္ဦးမယ္ဆိုျပီး လိုက္ကာကို မ,ၾကည့္လိုက္တယ္... လိုက္ကာမွာပါ ဘယ္လိုလုပ္ ကပ္ခြါေတြ ကပ္ေနလဲမသိ... သူ႕အေမႊးေတြေရာ လိုက္ကာေရာ ေကာ္ေတြကပ္ေနေလရဲ့... လိုက္ကာေအာက္နားေတြလည္း ရုန္းကန္ဖို႕ အားဆြဲယူရင္း ကိုက္ထားတာနဲ႕တူတယ္ ဆုတ္ျပဲေနတယ္... ျမင္ရတာ စိတ္လည္းမခ်မ္းသာ... ကိုယ္ကလည္း မကိုင္ရဲ... ဘယ္သတၱဝါမဆို ကိုယ့္ဝမ္းစာကိုယ္ရွာျပီး ကိုယ့္အသက္ကိုယ္ေတာ့ တန္ဖိုးထားၾကတာပါပဲ... ေသခ်ာၾကည့္ရင္ ႂကြက္ေလးေတြကလည္း ခ်စ္စရာေကာင္းပါတယ္... ႂကြက္ျဖဴတို႕ hamster တို႕ေတာင္ ေမြးၾကေသးတာပဲဟာ... ဒီႂကြက္ေလးေတြက်မွ ဘာလို႕ မုန္းၾကတာပါလိမ့္... သတ္ခ်င္လည္း တစ္ခါတည္း ေသေစႏိုင္တဲ့ နည္းမ်ိဳးနဲ႕ သတ္ေပါ့... မေသမရွင္နဲ႕ ျမင္ရတာ ေတာ္ေတာ္စိတ္ဆင္းရဲဖို႕ေကာင္းပါတယ္... ကိုယ္သာ သူ႕ေနရာမွာဆိုျပီး နည္းနည္းေလးခံစားၾကျပီး ကပ္ခြါေတြ မသုံးၾကရင္ သိပ္ေကာင္းမွာပဲ...
ကိုယ့္ေနရာ ကိုယ္ျပန္ထိုင္ေနရင္း စိတ္က မသက္မသာ... ေနာက္ ရုံးက တျခားလူေတြ ေရာက္ေလာက္ခ်ိန္က် reception ကို ထြက္လာျပီး ဘယ္သူ ကပ္ခြါထားထားတာလဲ ေမးလိုက္ရင္း ႂကြက္ေလး မိေနတဲ့အေၾကာင္း ေျပာေတာ့အဲ့ဒီညီမေလး PLက သူ႕ေဒါက္ဖိနပ္ေလး ခြၽတ္ျပီး အေျပးအလႊား သြားၾကည့္ေလရဲ့... ရုပ္ကေလးလွသလို စိတ္ထားေလးလွတဲ့ PLကပဲ ေကာ္ေတြနဲ႕ ေရာေနတဲ့ သူ႕အေမႊးေလးေတြကို ကတ္ေၾကးနဲ႕ ညွပ္... ကိုယ္ကပါ ေဒါက္ဖိနပ္ခြၽတ္ျပီး ၾကမ္းေပၚမွာ ႏွစ္ေယာက္သား ေဆာင့္ေၾကာင့္ထိုင္ျပီး ႂကြက္ကယ္ဆယ္ေရး လုပ္ၾကတာေပါ့... ၾကြက္ေလး ကံေကာင္းပါတယ္... သူေဌးတို႕ ဒါဒါတို႕ ဂ်ာဂ်ာတို႕မေရာက္ခင္ ကိုယ္တို႕ ကယ္ဆယ္ေရး လုပ္ငန္းျပီးသြားၾကတယ္... ဒါေပမယ့္ တကိုယ္လုံး ေကာ္ေတြကပ္ေနေတာ့ မလႈပ္ႏိုင္ဘူး... အစာေလး ေရေလး နည္းနည္းေကြၽးျပီး ပုံးေလးတစ္ပုံးထဲထည့္ျပီး ေနာက္ဆုံးခုံမွာထိုင္တဲ့ ကိုယ့္စားပြဲေအာက္ ခဏဖြက္ထားရတယ္... ပုံးထဲမွာ ပလပ္စတစ္ကလည္း ခင္းေပးထားရတယ္... သူ႕တစ္ကိုယ္လုံး ေကာ္ေတြကပ္ေနေတာ့ ဘယ္ေနရာထိထိ ကပ္ေနေရာ... ရုံးမွာ customer ေတြကို ပစၥည္းထည့္ေပးတဲ့ ပလပ္စတစ္အမာဆိုေတာ့ သိပ္မကပ္ဘူးေပါ့... ယက္ကန္ယက္ကန္နဲ႕ ေခါင္းရယ္ လက္ရယ္ပဲ လႈပ္ႏိုင္ရွာတယ္... ရုံးေတြမွာ သန္႕ရွင္းေရးအတြက္ PET control လို႕ ေခၚတဲ့ ကုမၸၼဏီေတြကို ငွါးျပီး သန္႕ရွင္းေရးလုပ္ရတယ္... အဲ့ဒီမွာ အဲ့ဒီကလူေတြ ရုံးလာျပီး စစ္ေဆးၾကေတာ့ ကိုယ္တို႕ႏွစ္ေယာက္ မ်က္ခုံးေတြ ခပ္လႈပ္လႈပ္... လိုက္ကာျပဲေနတာၾကီးရွိေတာ့ သန္႕ရွင္းေရးအန္တီကိုပါ လႊတ္ပစ္လိုက္ျပီလို႕ ေျပာခိုင္းရတယ္...
အဲ့ဒီကပ္ခြါအနံ႕ကလည္း ေတာ္ေတာ္ျပင္းတယ္... ကိုယ့္စားပြဲေအာက္မွာဆိုေတာ့ သူမ်ားအနံ႕ရမရေတာ့မသိ... ကိုယ္က ရေနတယ္... ေရေမႊးေတြ ဖ်န္းထားရတာ အနံ႕ေတြေပါင္းျပီး ေခါင္းေတြေတာင္ မူးတယ္... (ေနာက္ပိုင္း အဲ့ဒီေရေမႊးဆြတ္ရင္ေတာင္ ကိုယ္ၾကိဳက္ခဲ့တဲ့ အဲ့ဒီေရေမႊးသင္းသင္းေလးက အန္ခ်င္စရာေကာင္းသလားေတာင္ ထင္မိတယ္) အမ္မယ္... ဒင္းကေလ ဘယ္သူ႕အသံမွာ မၾကားရေတာ့ ပုံးထဲမွာ တလႈပ္လႈပ္နဲ႕... အသံကလည္း ထြက္ေနေသးတယ္... ျငိမ္ျငိမ္ေလးေနျပီး တေရးတေမာေလာက္ အိပ္ပါဟယ္... management က သိရင္ ဒင္းလည္း ဒုကၡ ကိုယ္ေတြလည္း ဒုကၡ... အလုပ္မလုပ္ႏိုင္ေသးဘဲ internet ထဲ ေကာ္ေတြကို ဘယ္လိုလုပ္ေပးရမလဲ ေလွ်ာက္ရွာၾကည့္တယ္... အယ္... ဟင္းခ်က္တဲ့ဆီ ဒါမွမဟုတ္ စားတဲ့ဂ်ုံမႈန္႕နဲ႕ ေလာင္းေပးလိုက္ရင္ ရသတဲ့... သတင္းေကာင္းပဲ... screenshot ဖတ္ျပီး ႂကြက္ေလး ကယ္ေပးတဲ့ PL ကို ပို႕လိုက္တယ္... PL က ဒီေန႕ ေန႕တဝက္ဆိုေတာ့ ေန႕လည္ သူျပန္တဲ့အခ်ိန္ ပုံးေလးကို အိမ္သယ္သြားမယ္ဆိုျပီး လာယူေလရဲ့... အမ္မယ္... ပုံးေလးဖြင့္ျပီး ၾကည့္ေတာ့ ဒင္းေလးက ပုံးကို တြယ္တက္ျပီး ကိုယ္ေတြကို ျမင္တာနဲ႕ ေအာ္လိုက္တာ ရန္ေတြ႕ေနသလိုပါပဲလား... ဒါနဲ႕ PL အိမ္ျပန္ေတာ့ ပုံးေလးသယ္သြားျပီး ဆီေလး ေလာင္းေပးလိုက္တာ ေကာင္းေကာင္းမြန္မြန္ လြတ္သြားပါတယ္တဲ့...
14 August 2014
မနက္ ရုံးကို အေစာဆုံးေရာက္တယ္... ကိုယ့္စားပြဲေရာက္ေတာ့ aircon ေလး ဖြင့္၊ နားက earphone ေလး ျဖဳတ္ျပီး အိတ္ထဲထည့္၊ laptop ေလး လွန္လိုက္တုန္းရွိေသး ဂြၽတ္ဂြၽတ္ ဂြၽတ္ဂြၽတ္ အသံၾကားရေရာ... ကိုယ့္စားပြဲက ေနာက္ဆုံး... အေနာက္မွာ ဗီဒိုေတြပဲရွိေတာ့ အသံ ဘယ္ကလာတာလဲဆိုျပီး ဟိုေခ်ာင္ဒီေခ်ာင္ လိုက္ေခ်ာင္း... မဟုတ္ေသးပါဘူး အသံက အေပၚကလာတဲ့အသံမ်ိဳးပါ... ဒါနဲ႕ ကိုယ့္စားပြဲက ေရွ႕ေရာေဘးေရာ ႏွစ္ခုရွိတာဆိုေတာ့ ေဘးစားပြဲက ပစၥည္းေလးေတြဖယ္ျပီး ထီးရွည္ေလးယူ ခုံေပၚတက္... အဲ့ဒီအေပၚေဒါင့္နားေလးက ႂကြက္လာတယ္ဆိုျပီး တိတ္ေတြ အထပ္ထပ္ကပ္ျပီး ပိတ္ထားတာ... ေခ်ာင္ေလးဆိုေတာ့ ေမွာင္ေနေတာ့ ေသခ်ာမျမင္ရဘူး... ထီးေလးနဲ႕အသာထိုးၾကည့္မလားေပါ့... တစ္ဖက္က ဗီဒိုေပၚ လက္ေလးအသာတင္ရုံရွိေသး... ဂြၽတ္ဂြၽတ္ ဂြၽတ္ဂြၽတ္အသံနဲ႕ ကပ္ခြါမွာ ကပ္ေနတဲ့ ႂကြက္က ထ,ရုန္း... ျမတ္စြာဘုရား... စားပြဲေပၚ တက္ရပ္ေနတာ ျပဳတ္မက်တာ ကံေကာင္း... ျပန္လာ ျပန္လာ လိပ္ျပာတို႕... ဒူးေတြေတာင္ တဆတ္ဆတ္တုန္လို႕... စားပြဲေပၚက ျပန္ဆင္း ထိုင္ခုံမွာ ရင္ဘတ္ဖိအသာျပန္ထိုင္... လန္႕တတ္လိုက္ပုံမ်ားေနာ္...
အဲ့ဒါနဲ႕ ဟိုတစ္ခါတုန္းက ႂကြက္ေလးတစ္ေကာင္ ကပ္ခြါမွာ ကပ္တုန္းက စိတ္ရွည္လက္ရွည္ ကတ္ေၾကးနဲ႕ ဟိုညွပ္ဒီညွပ္နဲ႕ ကယ္ဖူးတဲ့ PL ကို msg ပို႕တယ္... ဒီေန႕ morning shift လားေပါ့... သူက afternoon တဲ့... ေကာင္းေရာ... သန္႕ရွင္းေရးအန္တီကို သြားေျပာေတာ့ သူလည္းမကိုင္ရဲဘူးဆိုျပီး ျငင္းတယ္... ဒါနဲ႕ ငါလုပ္ၾကည့္ဦးမယ္ဆိုျပီး ထိုင္ခုံေပၚျပန္တက္... ဗီဒိုေပၚတင္ထားတဲ့ ပစၥည္းေလးအသာဖယ္... လက္ကပဲ တုန္ေနသလား နေမာ္နမဲ့ပဲ ႏိုင္သလားမသိ ကိုင္မလို႕ထိလိုက္တဲ့ ပစၥည္းက လဲက်ျပီး ဂလုံဂလြမ္ျမည္ေတာ့ သူက ပိုရုန္း... သူက ပိုရုန္းေတာ့ ကိုယ္က ပိုမကိုင္ရဲ... ရုန္းလြန္းေတာ့ အေမႊးေတြအသားေတြ လန္ထြက္ျပီး ေသြးေတြေတာင္ ျမင္ရတယ္... ဒါဒါ (Director)ကလည္း ေရာက္ေနေတာ့ ဆက္မလုပ္ေတာ့ဘဲ ျပန္ထိုင္ေနလိုက္တယ္... ေနာက္ေတာ့ ဓာတ္ပုံေတြဘာေတြ႐ိုက္ျပီး ဒီအေဆာက္အဦးက တာဝန္ရွိတဲ့သူေတြဘာေတြပို႕... ေန႕လည္က် ဘယ္သူလဲမသိ လာၾကည့္ျပီး ဒါဒါ နဲ႕ ဘာဘာညာညာေျပာေနၾကတယ္... ပထမတစ္ခါက ကိုယ္ေတြ သူရဲေကာင္း အလုပ္ေကာင္းလို႕ ႂကြက္မိတာ ဓာတ္ပုံလည္းမ႐ိုက္ သိလည္းမသိလိုက္ၾကဘူးေလ... ဒီတစ္ခါက် အေကာင္လိုက္ၾကီး ျမင္ၾကရတာကိုး... ကိုယ္ကေတာ့ တစ္ေန႕ခင္းလုံး ဂ်လြတ္ဂ်လြတ္နဲ႕ ရုန္းေနတဲ့ အသံကို နားမခံသာစြာၾကားရျပီး စိတ္မခ်မ္းသာ... ဘယ္လိုလုပ္ရပါ့ေပါ့...
ေန႕လည္ ထမင္းစားခ်ိန္က် သူေဌးက ထမင္းသြားစားမယ္ဆိုျပီး ေခၚတယ္... မလိုက္ေတာ့ဘူးလို႕ ေျပာလိုက္တယ္... သူေဌးသြားျပီလား အေရွ႕ထြက္ထြက္ေခ်ာင္းရတာ ခဏခဏ... မိုးကရြာေနေတာ့ သူတို႕က ခ်က္ခ်င္းမသြားၾကဘူး... သြားျပီဆိုတာနဲ႕ PLကို ကယ္ပါဟယ္ေပါ့... ေျပာေနတဲ့အခ်ိန္ sales က မေလး Sher က ဘာလဲဘာလဲေပါ့... အဲ့ဒါနဲ႕ ေျပာျပလိုက္ေတာ့ သူက တက္တက္ႂကြႂကြ လိုက္ၾကည့္တယ္... ကြၽတ္ကြၽတ္အိတ္ထဲထည့္ျပီး recep က PL ကို ဟိုတစ္ခါလို ေပးလိုက္မယ္ဆိုျပီး ခုံေပၚတက္ ႂကြက္ကိုယူေရာ... ႂကြက္က ကပ္ခြါေပၚမွာ ေၾကာက္လန္႕တၾကားရုန္းရင္း ေအာက္ေရာက္လာေရာ....Sher နဲ႕ ကိုယ္က ေသေသခ်ာခ်ာၾကည့္ျပီး ဘယ္ကစလုပ္ရမွန္းမသိ... PL ေရာက္လာျပီး baby lotion ဝယ္ျပီး ေလာင္းလိုက္မယ္ေပါ့ ဟိုတခါကလည္း သူ အဲ့လိုလုပ္တယ္တဲ့... အဲ့ဒါနဲ႕ မိုးဖြားဖြားရြာေနတာကို ရုံးစီးတဲ့ဖိနပ္နဲ႕ပဲ ေျပးျပီး သြားဝယ္ရတယ္... ေတာ္ၾကာ သူေဌးျပန္လာရင္ ဒုကၡေလ... စားတဲ့ဆီ လိုက္ရွာဝယ္ေသးေပမယ့္ ကိုယ္တို႕နားကဆိုင္မွာ မရွိ၊ ရွိေတာ့လည္း ဘူးက အၾကီးၾကီး... ဒါနဲ႕ baby lotion ကေတာ့ ေစာ့တဲ့ကေလးေလးေတြေတာင္ လိမ္းေသးတာ ရမွာပါဆိုျပီး lotion ပဲ ဝယ္လာ... ဝယ္လာျပီး Sher နဲ႕ ႏွစ္ေယာက္သား ႂကြက္ေလးရဲ့ ကိုယ္ေဘးပတ္လည္ကို lotion ေတြ ေလာင္းခ်တယ္... ရပါ့မလားေပါ့... PL ကလည္း ဒီေကာင္အေျခအေနေတာ္ေတာ္ဆိုးတယ္တဲ့... မ်က္ႏွာတစ္ျခမ္း ကိုယ္တစ္ျခမ္းလုံး ကပ္ေနတာကိုး... ကိုယ္က မကိုင္ရဲေတာ့ ဟိုဟာယူေပး ဒီဟာယူေပး ေတာက္တိုမယ္ရေပါ့... အဲ့ ေျခေတြလႈပ္လာေတာ့ ပုံးရွာျပီး ထည့္မယ္လုပ္... မထူးပါဘူး အေနာက္ဘက္မွာ ျခံဝန္းေသးေသးေလးရွိေတာ့ အဲ့ဒီကပဲ လႊတ္လိုက္မယ္ေပါ့... ဒါနဲ႕ ကိုယ္က တံခါးေျပးဖြင့္တယ္... အေပၚဂ်က္က မမွီေတာ့ ထီး႐ိုးနဲ႕လွမ္းဖြင့္ေနတုန္းရွိေသး chris မရေတာ့ဘူး မရေတာ့ဘူးဆိုျပီး အနားေရာက္လာၾကတယ္... သုံးပုံ ႏွစ္ပုံက လြတ္လြတ္ကြၽတ္ကြၽတ္ျဖစ္ေနျပီ... တံခါးက ဖြင့္မရဘူး... Sher ဟိုဘက္ကေနတက္ျပီး တံခါးဖြင့္လို႕ ေျပာတုန္းရွိေသး PL က ကပ္ခြါျပားၾကီး ေရွ႕ထိုးကိုင္ထားရင္း မရေတာ့ဘူး မရေတာ့ဘူး ေအာ္... ႂကြက္ေလးက ယက္ကန္ယက္ကန္နဲ႕ ကပ္ခြါကေန ရုန္းလို႕ရသြားေတာ့ PL ကလည္း မကိုင္ရဲဘဲ ၾကမ္းျပင္ကိုခ်... ႂကြက္ေလးက တံခါးနားရပ္ေနတဲ့ ကိုယ့္ဆီ လိမ္ဖယ္လိမ္ဖယ္နဲ႕ တည့္တည့္ေျပးလာေရာ... အသဲယားလိုက္တာ ဘာေတြေအာ္မိၾကမွန္းမသိ သုံးေယာက္လုံး ေအာ္ၾကတာ... ကိုယ္လည္း လမ္းက်ဥ္းက်ဥ္းေလးကေန ႂကြက္ကို ေက်ာ္ခြျပီး PL ေနာက္ ဘယ္လိုျပန္ေရာက္သြားမွန္းမသိဘူး... ျပီးမွ သုံးေယာက္သား အဲ့နားက ပစၥည္းေတြ မ,ၾက ဖယ္ၾက ရွာၾက... မေတြ႕တဲ့အဆုံး qi si wu (ေသခ်င္တာပဲ) လို႕ပဲ ေအာ္လိုက္ေတာ့တယ္... သူေဌးျပန္လာရင္ ဘယ္လိုေျပာရပါ့... ကပ္ခြါျပားၾကီး ကိုင္ျပီး ဘယ္လိုေျပာရမလဲ လိုက္ေမး... ဟုတ္တယ္... ညာလည္းမေျပာခ်င္ဘူး... အမွန္အတိုင္းေျပာရင္လည္း ကြိုင္... ကပ္ခြါျပားၾကီး တကိုင္ကိုင္လုပ္ျပီး ဒင္းပဲ စိတ္တိုတယ္... ဒင္းအသက္ကိုလည္း ကယ္ရေသး ဒင္းက ေက်းဇူးကန္းျပီး ထြက္ေျပးစရာလားလို႕... lotion ဗူးေရာလို႕ PL က ေမးမွ သတိရျပီး စားပြဲေပၚကေန ျမန္ျမန္သိမ္းရတယ္... ကိုယ္က တရားခံေလ... အရပ္ကူပါ လူဝိုင္းပါ လုပ္ျပီး ႂကြက္ကယ္ဆယ္ေရးအလုပ္ေကာင္းတာ ကိုယ့္အမႈကိုယ္ပတ္ေရာ...
သူေဌးနဲ႕ ထမင္းစားအတူသြားျပီး ျပန္လာတဲ့ IT က ႂကြက္ေရာတဲ့... ဟီး ငါတို႕ ကယ္လိုက္တာ ထြက္ေျပးျပီး ဘယ္ေရာက္သြားလဲမသိဘူးဆိုေတာ့ "အင္း အင္း" ဆိုျပီး အဆူခံရေတာ့မယ္ဆိုတဲ့ပုံစံနဲ႕ လက္ညိႈးတစ္ေထာင္ေထာင္လုပ္သြားတယ္... sales က ေနာက္တစ္ေယာက္ကလည္း ႂကြက္ထြက္ေျပးသြားျပီး ရုံးထဲမွာပဲဆို ဆိုျပီး မ်က္ႏွာရွုံ႕မဲ့ေနေရာ... ေတာ္ေတာ္ၾကာေတာ့ Director က christine ႂကြက္မရွိေတာ့ဘူးဆိုလို႕ လာေမးျပန္ေရာ... ထြက္ေျပးသြားျပီလို႕ပဲ ရုပ္တည္ၾကီးနဲ႕ ေျပာလိုက္တယ္... ဟုတ္တယ္ေလ ထြက္ေျပးသြားတာပဲဟာ ညာေျပာတာမွမဟုတ္တာ... လာလာျပီး ေျပာၾကမွာေပါ့... အဲ့ဒီႂကြက္ေလးက ကိုယ့္ေနာက္က ဗီဒိုေပၚမွာ ရွိေနတာကိုး... စိတ္မသက္မသာနဲ႕ တံခါးနားက ပစၥည္းေတြနား သြားသြားေခ်ာင္းေသးတယ္... အဲ့ ေတြ႕ပါပေကာ ကိုယ္ေတာ္ေခ်ာကေလ လမ္းေတာင္ ေကာင္းေကာင္းေလွ်ာက္ႏိုင္ျပီး ခုနက ဖြင့္မရတဲ့ အေနာက္ဘက္တံခါးနားမွာ ရစ္သီရစ္သီလုပ္ေနေသးတယ္... အသံလည္း ၾကားေရာ ဝွစ္ကနဲထြက္ေျပးသြားေရာ... သက္ျပင္းသာခိုးခိုးခ်ရင္း တံခါးခ်က္မမွီတဲ့ ကိုယ့္အရပ္ပဲ ကိုယ္အျပစ္တင္လိုက္ပါေတာ့မယ္ေလ...
06 September 2014
ေၾကာင္သူေတာ္ ႂကြက္သူခိုးလို႕ ဘာလို႕ျဖစ္လာလဲေတာ့မသိဘူး... ကြ်ႏု္ပ္ မုန္႕ဗူးကို ႂကြက္ခိုးစားသြားတာ အမႈန္႕ေတာင္ မက်န္ဘူးရယ္... ဗိုက္ခဏခဏေအာင့္တတ္လို႕ မုန္႕ဗူးေတြ ဝယ္ျပီး စားပြဲေပၚပဲ အျမဲတင္ခဲ့တာ, အထုတ္နဲ႕မုန္႕ဆိုလည္း အဲ့ဒီသံဗူးေတြထဲ ေဖာက္ထည့္ထားေနက်... သံဗူးအဖုံးကို ရေအာင္ ဖြင့္ျပီး စားသြားတာ မအံ႔ၾသ မခ်ီးက်ဴးဘဲ မေနႏိုင္ဘူး... လူႀကီးေတြကိုလည္း မေျပာရဲဘူး... ေတာ္ၾကာ ဒင္း အသတ္ခံေနရမွာစိုးလို႕... ကိုယ္ကယ္ထားတဲ့အေကာင္ဆိုေတာ့ ကယ္ထားလက္စနဲ႕ စားပါေစေလ... သူစားတာ ကိုယ္ငတ္သလိုပါပဲ... ကုသိုလ္ရတယ္မွတ္ပါတယ္လို႕...
11 September 2014
မနက္ ရုံးေရာက္ေတာ့ ၉နာရီ၂မိနစ္... ၂မိနစ္ၾကီးမ်ားေတာင္ ေနာက္က်တာဆိုေတာ့ ဝုန္းဒိုင္းက်ဲေျပးလာရတာ.. အခန္းထဲ ဝင္လိုက္ရုံရွိေသး IT ေကာင္ေလးက ငုတ္တုတ္ထိုင္ျပီး စကၠဴေတြပလပ္စတစ္ေတြနဲ႕ အလုပ္ရွုပ္ေနတယ္... ကိုယ္ကလည္း စပ္စုျပီး "ဘာလုပ္ေနတာလဲ" ေမးလိုက္ေတာ့ "နင့္သူငယ္ခ်င္းေလ" တဲ့... ၾကည့္လိုက္ေတာ့ စကၠဴေတြၾကားက ကပ္ခြါဝါဝါၾကီးေပၚမွာ ႂကြက္ေသးေသးေလးတစ္ေကာင္... လႈပ္တာမေတြ႕လို႕ ေသသြားျပီလားဆိုေတာ့ မေသေသးဘူးတဲ့... ဒါဆို မလႊတ္ပစ္နဲ႕ ငါ လုပ္တတ္တယ္ ဆိုျပီး laptop ေတြ အိတ္ေတြ ေနရာမွာ ေျပးတင္ျပီး ေနာက္ေဖးတံခါးဖြင့္ခိုင္းရတယ္... ေနာက္ေဖးမွာက ျခံဝန္းေသးေသးေလးလိုမ်ိဳး ရွိေတာ့ အျပင္က လူေတြလည္း ကိုယ္ေတြကို မျမင္ႏိုင္ဘူးေလ... ဟိုတစ္ခါကလို ကယ္လိုက္ကာမွ ရုံးထဲ ျပန္ဝင္ေျပးသြားသလိုလည္း မျဖစ္ေတာ့ဘူးေပါ့... ကိုယ့္အရပ္နဲ႕ တံခါးအေပၚဂ်က္က မမီေတာ့ IT ေကာင္ေလးပဲ ဖြင့္ခိုင္းရတယ္... ဟိုတစ္ခါကလည္း အဲ့ဒီဂ်က္ကို မမီလို႕ ဖြင့္မရဘဲ ႂကြက္က ကပ္ခြါက လြတ္ျပီး ရုံးထဲပဲ ျပန္ေျပးဝင္သြားတယ္မလား... ႂကြက္ေတြ အမိႈက္ဖြတိုင္း အနံ႕ေတြနံတိုင္း "ur friend... ur friend..." နဲ႕ ရုံးကလူေတြက ေျပာၾကတာ... ခုလည္း လူေတြ မလာခင္ ျမန္ျမန္လြတ္မွ... မဟုတ္ရင္ ႂကြက္ထြက္ေျပးေအာင္ လုပ္လို႕ ကိုယ္ပါ အမႈပတ္ေနဦးမယ္... ေတာ္ေသးတယ္... IT ေကာင္ေလးရွိလို႕... မဟုတ္ရင္ ဗလပ္ ဗလပ္နဲ႕ ကပ္ခြါေပၚမွာ ရုန္းေနတဲ့ ႂကြက္ကို ကိုင္ရဲဖို႕ေနေနသာသာ ျမင္ရုံနဲ႕ အရမ္းအသဲယားတာ က်လိ က်လိပဲ...ကပ္ခြါကို သယ္လာခိုင္းျပီး ေနာက္ေဖးၾကမ္းျပင္မွာခ်... lotion ဗူးဖြင့္တာ ဖြင့္လို႕ကမရ... ႏွစ္ေယာက္သား ဗူးဖြင့္ေနတာနဲ႕ ေတာ္ေတာ္အခ်ိန္ကုန္ေသးတာ... ႂကြက္ေလးကို ေသခ်ာၾကည့္ေတာ့ ဟိုတစ္ခါ ကိုယ္ေတြ ကယ္လိုက္တဲ့ အေကာင္ေလး မဟုတ္ဘူးထင္တာပဲ... သူက အျဖဴဘက္မ်ားတဲ့ မီးခိုးေရာင္... ဟိုအေကာင္ေလးက မဲညစ္ညစ္နဲ႕ ရုပ္ေလးကလည္း စုတ္ခြၽန္းခြၽန္းေလး... ျပီးေတာ့ ဟိုေကာင္ေလးက အတင္းရုန္းတယ္ မနားတမ္းရုန္းတယ္... ဒီအေကာင္ေလးကေတာ့ ေသလည္းေသပါေစေတာ့ဆိုျပီး အားေလွ်ာ့ေနတဲ့ပုံ... ရုန္းလည္းမရုန္းဘူး... ျငိမ္ေနတယ္... lotion ဗူး ဖြင့္လို႕ရသြားေတာ့ သူ႕ကိုယ္ပတ္ပတ္လည္လည္ကို ဆီေတြ ေလာင္းေပးလိုက္တယ္... ကိုယ္တစ္ျခမ္းလုံးက ေစာင္းျပီး ကပ္ေနတာ... အျမီးဆို အေရျပားေတြကြာျပီး ေသြးေတြခ်ည္းပဲ... ေျခေထာက္က အေရျပားေတြလည္း ကြာျပီး ေသြးေတြထြက္ေနတယ္... မ်က္ႏွာနား ဆီေလာင္းေပးလိုက္ေတာ့ ေတာ္ေတာ္ေလး လႈပ္လႈပ္ရွားရွား ျဖစ္သြားတယ္... ျပီးေတာ့ ျပန္ျငိမ္သြားတယ္... လုပ္ခ်င္တာလုပ္ အေသခံေတာ့မယ္ဆိုတဲ့ ပုံပဲ... အဲ့ဒါနဲ႕ စကၠဴေလးနဲ႕ ေဘးကေန တြန္းေပးတို႕ေပးမွ သူက ရုန္းတယ္... တစ္မိနစ္ေတာင္မၾကာဘူး လမ္းထေလွ်ာက္ႏိုင္တယ္... ေလွ်ာက္ေတာ့လည္း ကပ္ခြါက တစ္ျခားမထိရေသးတဲ့ ေနရာကို ထပ္ေလွ်ာက္လို႕ ထပ္ကပ္ေနေသးတယ္... ဆီေတြထပ္ေလာင္းေပးလိုက္မွ ခုန္ေပါက္ျပီး ေခ်ာင္ထဲ ထြက္ေျပးသြားတယ္... ၾကည့္လိုက္ေတာ့ ကိုယ္တစ္ျခမ္းက အေမႊးေတာ္ေတာ္ေျပာင္ေနျပီ... ကိုယ့္မ်က္စိေရွ႕ ခုန္ေပါက္ေျပးသြားႏိုင္တာ ျမင္ေတာ့လည္း ဝမ္းသာသြားတယ္... ဒါနဲ႕ အေမ့ဖုန္းကို ဆက္လိုက္တယ္... အေဖက ဖုန္းကိုင္တယ္... ဝမ္းသာအားရနဲ႕ သမီးကယ္လိုက္တာ ႂကြက္ေလးတစ္ေကာင္ လြတ္သြားျပန္ျပီလို႕ေျပာေတာ့ သာစဓု သာဓု သာဓုတဲ့... ဒါနဲ႕ မေန႕က ရုံးမသြားခ်င္ဘူးဆိုဘူး ဂ်ီက်ေနတဲ့ ကိုယ့္တဲ့ အေဖက ေနာက္တယ္... ဟုတ္ပါ့ အပ်င္းထူျပီး ရုံးကို ဒီေန႕ ေန႕တစ္ဝက္မွ လာရင္... ဒါမွမဟုတ္ ကိုယ္သာ ရုံးကို ေနာက္ထက္ မိနစ္အနည္းငယ္ေလာက္ ေနာက္က်ျပီးမွ ေရာက္ရင္ ဒီေကာင္ေတာ့ အမိႈက္ပုံထဲ ေရာက္ေနေလာက္ျပီ... ဟီးဟီး... ရုံးက management ေတြကေတာ့ pet control ကို အျပစ္တင္လိုက္ building management ကို compliant တက္လိုက္နဲ႕ အလုပ္ေတြ ရွုပ္လို႕... ကိုယ္ေတြ လႊတ္လႊတ္ေပးေနတာမ်ားသိရင္... ဟီးဟီး...
Created By: k2tmaung (14 December 2014 Sunday 06:38PM)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...