အမေက "တစ်"ပေါင်းလိုက်...
အဖေက "တစ်"ပေါင်းလိုက်နဲ့...
ငါ့ကိုယ်ငါ အပေါင်း"တစ်ရာ"ဆိုပြီး...
ကောင်းလှပြီ အထင်နဲ့ မာန်တက်...
အထင်ကြီးမှု ချောက်ကြီးထဲ...
အခေါက်ခေါက် ခုန်ချလို့ ငါ့ဘဝက လှမှလှပေါ့...
လောကကြီးထဲ အဖေမကူ အမေမကူနဲ့...
ကိုယ့်ခြေကိုယ်သုံး ရုံးကန်ကြည့်မှ...
ဟိုလူက "တစ်"နှုတ်လိုက်...
ဒီလူက "နှစ်"နှုတ်လိုက်နဲ့...
ဘဝက ခြစ်ခြုပ်ကုပ်ပဲ့နေလိုက်တာ...
ဒါတောင် "ငါဟဲ့.."လို့ အစွယ်က မကျိုးနိုင်သေး...
ဘေးလှည့်လို့ ရန်စောင်...
မာန်ထောင်ကောင်းနေတုန်း...
တစ်နေ့ကမှ မှန်ထုတ်ကြည့်တယ်...
အို... ငါဟာ သုည...
ခုမှ အစ... ရှိပါသေးလား...
ဆေးဆိုတာ ခါးမှ အနာကျက်သလို...
သင်ခန်းစာတွေက ခါးမှ...
ဘဝက အထာကျသတဲ့...
ကဲ... သုည...
ရှေ့ဆက် က,လို့...
အပေါင်းတွေရှာစု...
လောကဒဏ်ကို အံတုဦးစို့...
Created By: k2tmaung (19 December 2011 Monday 05:27PM)
အဖေက "တစ်"ပေါင်းလိုက်နဲ့...
ငါ့ကိုယ်ငါ အပေါင်း"တစ်ရာ"ဆိုပြီး...
ကောင်းလှပြီ အထင်နဲ့ မာန်တက်...
အထင်ကြီးမှု ချောက်ကြီးထဲ...
အခေါက်ခေါက် ခုန်ချလို့ ငါ့ဘဝက လှမှလှပေါ့...
လောကကြီးထဲ အဖေမကူ အမေမကူနဲ့...
ကိုယ့်ခြေကိုယ်သုံး ရုံးကန်ကြည့်မှ...
ဟိုလူက "တစ်"နှုတ်လိုက်...
ဒီလူက "နှစ်"နှုတ်လိုက်နဲ့...
ဘဝက ခြစ်ခြုပ်ကုပ်ပဲ့နေလိုက်တာ...
ဒါတောင် "ငါဟဲ့.."လို့ အစွယ်က မကျိုးနိုင်သေး...
ဘေးလှည့်လို့ ရန်စောင်...
မာန်ထောင်ကောင်းနေတုန်း...
တစ်နေ့ကမှ မှန်ထုတ်ကြည့်တယ်...
အို... ငါဟာ သုည...
ခုမှ အစ... ရှိပါသေးလား...
ဆေးဆိုတာ ခါးမှ အနာကျက်သလို...
သင်ခန်းစာတွေက ခါးမှ...
ဘဝက အထာကျသတဲ့...
ကဲ... သုည...
ရှေ့ဆက် က,လို့...
အပေါင်းတွေရှာစု...
လောကဒဏ်ကို အံတုဦးစို့...
Created By: k2tmaung (19 December 2011 Monday 05:27PM)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...