နေ့နေ့ညည ပြင်းပြစွာ သတိရပေမယ့်...
ငါ့အတွက် အချိန်ပို ရှားပါး...
အလုပ်ခေါင်းစင်အောက်မှာ ဗျာများပြသူ...
တူညီတဲ့ ခံစားချက်တစ်ခု...
ငါ ရင်နဲ့ရင်းလို့ သူ ရရှိစေဖို့...
ကိုယ့်စိတ်ကို ကိုယ်စတေး...
နောင်တတေးနဲ့ ငါ ဆို,က...
တ,မိတဲ့စိတ် ငါ တိတ်တိတ်ပဲ သော့ခတ်လိုက်ပြီ...
ချိန်ခါမရွေး ငါ နားလည်မှုတွေပေးတတ်ပေမယ့်...
ကျက်မှတ်နေတဲ့ သူ့လုပ်ရိုးလုပ်စဉ်...
ငါ ကျေညက်လို့ နာကျင်နေခဲ့...
ရွဲ့တိုက်လို့ ဒီတစ်ကြိမ် ငါမစောင်း...
ခေါင်းထဲမှာ သူ့အကြောင်း ဟောင်းနိုင်ဖို့...
ကိုယ့်စိတ်ကို ကိုယ်ချုပ်...
နှုတ်ဆိတ်လို့ ငါ မငို...
ညိုနေတဲ့ မျက်ရည်မိုးများ တိမ်ကင်းစင်ဖို့ ငါ ကြိုးစားပြီ..
အရာအားလုံးကို လစ်လျူရှု...
ခံစားချက်တစ်ခုကို အရင်းပြုလို့...
ငါတို့ ဇာတ်လမ်း ရုံတင်ဖြစ်ခဲ့တယ်...
အတိတ်နဲ့ ပစ္စုပ္ပန်...
အတန်ငယ်တောင် မပြောင်းလဲတဲ့ငါ...
နာကျင်မှုတွေကို ဟိုအရင်ကလို အထုတ်ထုပ်တယ်...
ပြောပြမှ သိတတ်သူအတွက်...
ငါလိုလူ ဖွင့်မပြောတတ်တာ သူသိရက်နဲ့...
ငဲ့ကြည့်မှုတွေပျောက် ငါ့စိတ်တွေလည်း တပ်ခေါက်တော့မယ်...
ချစ်သူဆိုတဲ့ ဝေါဟာရရဲ့ before နဲ့ after...
အရာရာမှာ ကွဲလွဲချက်တွေ အသစ်သစ်နဲ့...
ဖြစ်နိုင်ရင် အားလုံးကို "တစ်"ကနေ ပြန်စ,ချင်တယ်...
ချစ်သူအတွက် "သီးသန့်"မရှိသူနဲ့...
ချစ်သူရဲ့ VIP ဖြစ်ချင်သူ...
တူရူမှာ လွဲချက်တွေနဲ့ စိတ်နောက်စွာ ထွက်ပေါက်ရှာချင်ခဲ့ပြီ...
စိတ်တွေလည်းကုန် အာရုံထုံလို့...
ငါ လှည့်ထွက်ခဲ့ရင်...
အရွဲ့တိုက်တယ်လို့ မမြင်ပါနဲ့...
နေ့စွဲများထဲ ငါတစ်ယောက်တည်း...
ဟာတာတာနဲ့ (သူ) သတိပြုမိနိုးနိုး...
မရိုးစွာ စောင့်နေခဲ့ဖူးတာ သတိရပါ...
ငြိုငြင်ခြင်းကင်း သံသယရှင်းရှင်းနဲ့...
ယုံကြည်ခြင်းတွေကို ဈေးဆစ်လို့...
ငါ နားလည်ပေးခဲ့တာ အမှတ်ရပါ...
သေချာစစ်တွေး (ကိုယ့်ကို) အခါခါထပ်မေး...
ကာရံမဲ့သံစဉ် ဘာကြောင့် ငါ ဆက်မသင်လဲ...
ရင်တစ်ခြမ်းနဲ့ပဲကြည့် သေချာသိလိမ့်မယ်...
စိတ်ဆိုးတုန်း ခံစားထားတာလေးပါ... :P
Created By: k2tmaung (06 March 2010 Saturday 01:39PM)

0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...