လမ်း...
ကြမ်းတမ်းမှန်း ငါ သိစွမ်းပေမယ့်...
စမ်းတဝါးဝါးနဲ့တော့ ငါ မလှမ်းချင်ပါ...
လမ်း...
အကွေ့အကောက် ချောက်တွေများပေမယ့်...
အကြောက်တရားနဲ့တော့ ငါ မလျှောက်ချင်ပါ...
လမ်း...
ခလုတ်ကန်သင်း ဆူးညှောင့်မကင်းပေမယ့်...
မဟုတ်မမှန်နဲ့တော့ ငါ့ခြေလှမ်းတွေ မရှုပ်ချင်ပါ...
လမ်း...
ပန်းပါစေ... နွမ်းပါစေ... ကြမ်းပါစေ...
ရိုးသားတဲ့စိတ်မှန်းနဲ့...
ငါ့ခြေလှမ်းတွေ ဆက်လှမ်းချင်တယ်...
ငါ့လမ်း ငါဖောက် ငါ့စိတ်ကြိုက်သာလျှောက်ခွင့်ရရင်...
ထနောင်းပင်ရိပ် တိုးဝင် မအိပ်ရရင်နေပါစေ...
စိမ်းလန်းတဲ့ ရဂုံ ငါ မခိုလုံရရင်နေပါစေ...
ယိမ်းနွဲ့တတ်တဲ့ ပန်း ငါ မနမ်းရနေပါစေ...
ခမ်းနားတယ်ဆိုတဲ့ စည်းစိမ်ဘုံ မဆုံရလည်း နေပါစေ...
ငါဖြောင့်ဖြောင့်သွားနေတဲ့လမ်းကလေး...
မတိမ်းစောင်းရင်တော်ပါပြီ...
Created By: k2tmaung (24 September 2009 Thursday 03:24AM)

1 comments:

မ K2tmaung ရေ...
ထိမိတဲ့ ခံစားမှု ကဗျာလေးကို ကြိုက်တယ်ဗျာ...
စကားလုံးတိုင်းမှာ အားအင်တွေပါတယ်....
အမြဲလာလို့ရအောင်လင့်ခ်ထားလိုက်မယ်....
ခင်မင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...