ကြုံကြ ဆုံကြ ငြင်းခုန်ကြနဲ့...
အေးအေးလူလူ ပူပင်ခြင်းတွေ ကင်းခဲ့ကြတယ်...
အားပေးအားယူ အတူတူမို့...
စိတ်တွေချင်းပေါင်းဖက် သူငယ်ချင်းတွေ လုပ်ခဲ့ကြတယ်...
နေရာတစ်ခု အကြောင်းပြုပြီး...
ငါတို့အကြောင်းတွေလည်း ကောင်းကောင်း ဖလှယ်ခဲ့ကြတယ်...
ငယ်ပေါင်းတွေလို ထုထောင်းမနာ...
ရန်စ ပြန်ချဆိုတာမျိုးနဲ့ အပြန်အလှန် ရယ်ရွှမ်းသွေးခဲ့ကြတယ်...
ရုတ်တရက်တွေများတဲ့ ငါ့အတွက်တော့...
အမောတွေ မှုတ်ထုတ်ခွင့်ရခဲ့တဲ့...
အရှုပ်တွေကြား မအားလပ်တဲ့ ငါ့အတွက်တော့...
ရင်တွင်းနာတွေကို ဆုတ်ဖြဲခွင့်ရခဲ့တဲ့...
နာကျင်မှုတွေနဲ့ ခါးသက်သက်ဖြစ်နေတဲ့ ငါ့အတွက်တော့...
အမိုးကောင်းတစ်ခုနဲ့ အခါခါနားခိုခွင့်ရခဲ့တဲ့...
ဒီနေရာလေး...
လွမ်းမောမျက်ရည် တစ်စက်မက...
ငါ ချွေချရင်း နှုတ်ဆက်မှုပြုခဲ့တယ်...
မြတ်နိုးမှုလက်ကျန်တွေ အထုပ်ထုပ်လို့ စုသိမ်းရင်း...
သူသူ ငါငါ ရေးထားသမျှ စာအစုစုတို့ကို...
ငါ ထိမ်းသိမ်းထားတယ်...
ငါ့ ရယ်သံတွေကျယ်ခဲ့တဲ့...
ငါ့ သံယောဇဉ်တွေ တွယ်ခဲ့တဲ့...
ခဏတာ ခိုလှုံဖူးခဲ့တဲ့ နေရာလေးက...
ရင်းတွင်းတစ်နေရာမှ "ရွှေမြန်မာ"...
Created By: k2tmaung (23 September 2009 Wednesday 11:18PM)
မြန်မာစံတော်ချိန် ည ၉ နာရီ ၁၀ မိနစ်မှာ ဖျက်သိမ်းခဲ့သော MOS မှ ရွှေမြန်မာအတွက် အမှတ်တရ...

1 comments:
အမှတ်တရဖြစ်စေခဲ့တဲ့ "ရွှေမြန်မာ"အသင်းလေးရဲ့
အမှတ်တရ တစ်ချို့ k2 သိမ်းထားပေးတဲ့ အတွက်
ကျေးဇူး k2 ရာ....
အဲဒီနေရာလေးမှာ သူရ တို့စခင်ခဲ့ကြတယ်နော်
တစ်ခြားမောင်နှမတွေ နဲ့ရောပေါ့ ....
အင်း...တွေးမိတိုင်း မနေ့တနေ့ကလိုပါပဲ....
စဉ်းစားမိတိုင်းလည်း လွမ်းတယ် ...
မရှိမှန်းသိသိကြီးနဲ့လည်း ယောင်ယောင်ပြီး
ရှာနေမိသေးတယ် ....
မေ့ဖို့ဆိုတာကတော့ တော်တော်ခဲယဉ်းဦးမယ်ထင်တယ်
အချိန်ဆိုတာ သမားတော်ဆိုရင်တောင်
အဖြူရောင်သံယောဇဉ်တွေ ဖြစ်စေခဲ့တဲ့ အဲဒီနေရာလေးက
ကုစားမရတော့တဲ့ ကင်ဆာရောဂါတစ်မျိုးပဲ ဖြစ်မယ်ထင်ရဲ့..
သူရ
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...