ရင်ထဲမှာ ကျဉ်တင်တင်နဲ့...
ပြင်မရတော့တဲ့ စင်တင်ပြဇာတ်တစ်ပုဒ်...
ငါ ထုတ်ထုတ်ပြီးတော့ မညည်းချင်ပေမယ့်...
စွန့်ထုတ်ဖို့ မျက်ရည်တွေ တာကျိုးလို့နေတယ်...
ဘက်ဆိုတာ ညီမျှဖို့မလို...
ချိန်ဆဖို့မလို... အသနားခံဖို့မလို...
အားသာဖို့ကိုပဲ ငါ မျှော်လင့်တယ်...
ပြောခံရဖူးတဲ့ ချစ်စကား...
ငါ အကြိမ်ကြိမ်ကြားရတာ နားခါးတယ်...
ဟိုဒီချိန်ထိုး သူ့စိတ်တွေ မနိုးသေးတာ...
ငါ့ကို ဝေဒနာတွေ တိုးစေတယ်...
သေချာပေးပါ... ရေရာပေးပါ...
ငါ အလေးပေးခဲ့တာတွေ...
ငါ တွေးပေးခဲ့တာတွေအတွက်...
နည်းနည်းလေးပဲ ငါ့ဘက်ကို စဉ်းစားပေးပါ...
ငါ အပေါစားမဟုတ်ခဲ့ဘူး...
တောသားလည်း မဟုတ်ခဲ့ဘူး...
ကြုံသလို ခြေဆေးဖို့လည်း မဟုတ်ခဲ့ဘူးနော်...
ငါက အားနွဲ့တဲ့ မိန်းမသား...
ဒါပေမယ့် ပြတ်သားတယ်...
တတ်ထားတဲ့ ပညာနဲ့...
ငါ့ကိုယ်ငါ အလေးထားတယ်...
အတွေးမမှားခဲ့ရင် ဆေးခါးလည်း...
သောက်စရာလိုမယ်မထင်ပါဘူး...
ထောက်ထားစရာရှိရင်လည်း...
ငါ့ကို ခေါက်ထားခဲ့ပါ...
ငါက ခြောက်ခြားတတ်သူတော့ မဟုတ်ခဲ့ဘူးလေ...
အလွဲအမှားတွေနဲ့ ငါ ဝဲထဲလည်ခဲ့ဖူးလို့...
အပျော့ဆွဲနဲ့ ငါ့ကို လာမတွဲပါနဲ့...
ငါ့မှာ ကွဲစရာ အသဲ တစ်စုံတည်းရှိလို့...
ငါ ကိုယ်တိုင်ပဲ ခွဲပါရစေ...
ကိုယ့်အသားကိုယ် ဓားနဲ့မွှန်း...
စွန်းထင်းခဲ့တဲ့ သွေး...
ငါ့အတွက် မေ့ဆေးဖြစ်စေချင်တယ်...
ငါအတွေးသမားမဟုတ်သလို...
အဆွေးသမားလည်း မလုပ်ချင်ဘူး...
တကယ်သာ နှလုံးသွေးစစ်ရင်...
ငါ့လို ငါ့ကို ပြတ်သားစွာ ချစ်ဖို့ပဲ လိုတယ်...
ပြင်မရတော့တဲ့ စင်တင်ပြဇာတ်တစ်ပုဒ်...
ငါ ထုတ်ထုတ်ပြီးတော့ မညည်းချင်ပေမယ့်...
စွန့်ထုတ်ဖို့ မျက်ရည်တွေ တာကျိုးလို့နေတယ်...
ဘက်ဆိုတာ ညီမျှဖို့မလို...
ချိန်ဆဖို့မလို... အသနားခံဖို့မလို...
အားသာဖို့ကိုပဲ ငါ မျှော်လင့်တယ်...
ပြောခံရဖူးတဲ့ ချစ်စကား...
ငါ အကြိမ်ကြိမ်ကြားရတာ နားခါးတယ်...
ဟိုဒီချိန်ထိုး သူ့စိတ်တွေ မနိုးသေးတာ...
ငါ့ကို ဝေဒနာတွေ တိုးစေတယ်...
သေချာပေးပါ... ရေရာပေးပါ...
ငါ အလေးပေးခဲ့တာတွေ...
ငါ တွေးပေးခဲ့တာတွေအတွက်...
နည်းနည်းလေးပဲ ငါ့ဘက်ကို စဉ်းစားပေးပါ...
ငါ အပေါစားမဟုတ်ခဲ့ဘူး...
တောသားလည်း မဟုတ်ခဲ့ဘူး...
ကြုံသလို ခြေဆေးဖို့လည်း မဟုတ်ခဲ့ဘူးနော်...
ငါက အားနွဲ့တဲ့ မိန်းမသား...
ဒါပေမယ့် ပြတ်သားတယ်...
တတ်ထားတဲ့ ပညာနဲ့...
ငါ့ကိုယ်ငါ အလေးထားတယ်...
အတွေးမမှားခဲ့ရင် ဆေးခါးလည်း...
သောက်စရာလိုမယ်မထင်ပါဘူး...
ထောက်ထားစရာရှိရင်လည်း...
ငါ့ကို ခေါက်ထားခဲ့ပါ...
ငါက ခြောက်ခြားတတ်သူတော့ မဟုတ်ခဲ့ဘူးလေ...
အလွဲအမှားတွေနဲ့ ငါ ဝဲထဲလည်ခဲ့ဖူးလို့...
အပျော့ဆွဲနဲ့ ငါ့ကို လာမတွဲပါနဲ့...
ငါ့မှာ ကွဲစရာ အသဲ တစ်စုံတည်းရှိလို့...
ငါ ကိုယ်တိုင်ပဲ ခွဲပါရစေ...
ကိုယ့်အသားကိုယ် ဓားနဲ့မွှန်း...
စွန်းထင်းခဲ့တဲ့ သွေး...
ငါ့အတွက် မေ့ဆေးဖြစ်စေချင်တယ်...
ငါအတွေးသမားမဟုတ်သလို...
အဆွေးသမားလည်း မလုပ်ချင်ဘူး...
တကယ်သာ နှလုံးသွေးစစ်ရင်...
ငါ့လို ငါ့ကို ပြတ်သားစွာ ချစ်ဖို့ပဲ လိုတယ်...
Created By: k2tmaung (26 September 2009 Saturday 06:33AM)
ဒီလိုပဲ ရောက်တတ်ရာရာ ခံစားရေးကြည့်ပါတယ်...
ဒီလိုပဲ ရောက်တတ်ရာရာ ခံစားရေးကြည့်ပါတယ်...
3 comments:
မကို ကခံစားပြီးရေးတယ်သာဆိုတယ် တကယ်ရေးထားသလိုမျိုးကြီးဗျာ
ဒေါနဲ့မောနဲ့.ဟီး
ကျွန်တော်ကတော့ ခံစားချက် တမ်ပို အနိမ့်အမြင့်ကြောင့်လို့ ထင်တယ် ကိုမိုးစဲရေ..။ ကိုမိုးစဲ ပြောတာကို သူမငြင်းဘူးလေ။ (အင်း..ရန်ဖြစ်ရတော့မယ်ထင်တယ်။ :) ကြိမ်လုံးကို ယူပြီး လွှင့်ပစ်ထားလိုက်မှ။)
ကြိမ်လုံးနဲ့တော့ နီးနေပြီ... :(
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...