ငါ သိသလိုလို မသိသလိုလို...
သူပြောမှာတွေကို...
ငါ နားလည်သလိုလို မလည်သလိုလိုနဲ့...
သူပြောတာတွေကြား
ဟုတ်သလိုလို မဟုတ်သလိုလို...
ဇဝေဇဝါနဲ့ ငါပြုံးမိသွားလား...
ဒါပေမယ့် အသေအချာ ငါ့ကိုထားသွားတာ...
ငါ မျှော်လင့်ခဲ့ဖူးတဲ့ သူ့လမ်းခွဲစကား...
တကယ်ကြားတော့ ငါ ဝမ်းနည်းသွားမိသလား...
ရင်ဘက်မှာ နည်းနည်းလေးနာကျင်သွားသလို...
မျက်ရည်လေးလည်း ဝဲမိသွားတယ်...
နာကျင်ကျင် အတွေးတစ်ပိုင်းတစ်စနဲ့...
ငါ့ ရင်ခွင် နည်းနည်း ဆွေးပူတယ်...
ဘွာခတ်တာကို ငါအထာမညက်သေးပေမယ့်...
ကြာရင်တော့ ငါ သက်သာသွားမှာပါ...
ငါ အကြိမ်ကြိမ်ရစ်မူး... မထူးဘဲ ငါရူးခဲ့တာလေးတွေကို...
ပြန်တွေးကြည့်တော့ ငါ ဆူးတစ်ချောင်းကြောင့် ရှက်မိတယ်...
ငါတိုးကျိတ်ကျိတ်တော့ မငို...
လိုလိုလားလားနဲ့ ဟက်ဟက်ပက်ပက်တော့ ပြုံးလိုက်တယ်...
တောင်းပန်ဖို့မလို...
ဆောင်းမရှိတဲ့တိုင်းပြည်မှာ...
ငါဆောင်းတစ်မနက်ပဲ လိုတယ်...
ဝမ်းနည်းရင် ပြေးဝင်မယ်ဆိုတဲ့ သူ့ရင်ခွင်...
ခုတော့ ငါ အရှက်ပြေ ခေါင်းတွင်တွင်ရမ်းမိတယ်...
သူ့ဂစ်တာသံချိုချို ငါအိပ်ဖို့ကို သူသီဆိုမယ်...
ငါတွေးခဲ့ဖူးတော့ ငါ ပိုစိတ်ရှုပ်စွာ သက်ပြင်းမောတစ်ခု မှုတ်ထုတ်ဖြစ်တယ်...
ငါက လူတွေကို ကိုယ်ချင်းစာစေချင်ခဲ့တာ...
ဒါပေမယ့် လူတွေက ငါ့ကို နာကျင်နေစေခဲ့တာ...
တစ်ချိန်တော့ မေ့မှာပါ...
ဒါပေမယ့် အဲဒီအချိန်ကို ရောက်ဖို့...
နောက်အချိန်တစ်ခုကိုတော့ ကျော်ရဦးမယ်လေ...
မဖြစ်နိုင်တာတွေကြားက ငါ လက်တွဲနိုင်ဖို့ကို အားယူ...
နှစ်ယောက်အတူတူလို့ ငါတွေးမိတော့...
သူ့ကောင်းကျိုးတွေအတွက် စဉ်းစားပေးမိခဲ့တယ်...
အရာအားလုံး ပွဲလန့်ခံရတော့...
ငါ့ရင်မှာ ခြေဆန့်စရာနေရာလေးတောင်မကျန်...
ငါ ချန်ထားခံလိုက်ရတယ်...
ထားလိုက်ပါ... ဘဝမှာ ပထမဆုံးဆိုတာတွေကြုံပြီးရင်တော့ ...
အတွေ့အကြုံတွေက လမ်းပြန်ပြပေးသွားမှာပါ...
တစ်ခု... သူမသိသေးတာတွေအများကြီးထဲက...
တစ်ခုတော့ သူမကြားအောင်ပြောပြချင်တယ်...
ထားပြီးရင်တော့ ပြန်လှည့်မကြည့်ပါနဲ့...
ငါလည်း ရပ်စောင့်မှာမဟုတ်လို့ပါ...
အားလုံးကိုမေ့ ငါ စေ့စေ့ကြည့်ရမယ့် ငါ့အနာဂတ်အတွက်...
ရင်ထဲ ရှင်းရှင်းနဲ့ ဟင်းလင်းဖြစ်ဖို့...
ငါ ဒီညလည်း မနက်လင်းရဦးမယ်...
Created By: k2tmaung (28 July 2009 Wednesday 02:10AM)
1 comments:
ခိုင်
ခိုင် ရေးတဲ့ ကဗျာတွေထဲမှာ ဒီကဗျာလေးကို ကိုယ်တော်တော် ကြိုက်မိတယ်။ သိမ်းထားရလောက်အောင် ကောင်းတဲ့ ကဗျာလေး လို့ ချီးမွမ်းချင်ပါတယ်။
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...